| ပြင်းထန်သော စျေးကွက် အခြေအနေများ |
- နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုအပေါ် ကြီးမားစွာ သက်ရောက်မှုရှိခဲ့ပြီး သီးနှံများ မတင်ပို့နိုင်သော တောင်သူများကို ထိခိုက်ခဲ့သည်။
|
- တောင်သူလယ်သမားများအတွက် ချေးငွေများပြန်ဆပ်ခြင်း နှင့်/သို့မဟုတ် ကျွန်ုပ်တို့၏ ထုတ်ကုန်များကို ဝယ်ယူခြင်းအတွက် လိုက်လျောညီထွေရှိမည့် စည်းကမ်းသတ်မှတ်ချက်များ ပြောင်းလဲပေးခြင်း
|
| လိုက်နာ ဆောင်ရွက်မှု |
- ဥပဒေရေးရာ နှင့်ပတ်သက်၍ သိသာထင်ရှားသော ပြောင်းလဲမှုများ မကြာခဏ ပေါ်ပေါက်ခြင်းသည် လိုက်နာဆောင်ရွက်မှုကို ရှုပ်ထွေးစေသည်။
|
- လုပ်ငန်းလည်ပတ်ဆောင်ရွက်မှုများကို သက်ရောက်နိုင်သည့် ဥပဒေဘောင်အတွင်း ပြောင်းလဲမှုများကို စောင့်ကြည့်ရန် လုပ်ငန်းစုသည် အမျိုးမျိုးသောဝန်ဆောင်မှုလုပ်ငန်းများနှင့် တွဲဖက်၍ လုပ်ကိုင်နေပါသည်။
|
| ကိုဗစ်-၁၉ ကပ်ရောဂါ |
- ဝန်ထမ်းများနှင့် ကိုယ်စားလှယ်များ၏ ဘေးကင်းရေး
|
- လုပ်ငန်းလုပ်ထုံးလုပ်နည်းများကို လိုက်လျောညီထွေ ဖြစ်အောင် ပြောင်းလဲဆောင်ရွက်ခြင်း
- ကပ်ရောဂါ၏ အကျိုးဆက်များ လျှော့ချရန်အတွက် ကျပ်ငွေ ၁၈၈ သန်းခွဲဝေပေးခြင်း
- ကျွန်ုပ်တို့၏ ဝန်ထမ်းများ၊ ၎င်းတို့၏ မိသားစုများ၊ ကျွန်ုပ်တို့၏ ကိုယ်စားလှယ်များနှင့် ၎င်းတို့၏ မိသားစုများကို ကာကွယ်ရန်အတွက် ကာကွယ်ဆေးထိုးရန် စီစဥ်ပေးခြင်း
|
| ဘဏ္ဍာရေး |
- အရောင်းလျော့ကျခြင်း
- ငွေလုံးငွေရင်းအသုံးစရိတ်များ တိုးလာခြင်း
- မြန်မာကျပ်ငွေတန်ဖိုးကျဆင်းခြင်း
- ငွေသားရရှိမှု နှင့် စီမံခန့်ခွဲရာတွင် ခက်ခဲခြင်း
|
- ငွေသားစီးဆင်းမှုစီမံခန့်ခွဲမှုနှင့် ဌာနတွင်း စီမံထိန်းချုပ်မှုများ ကို အားဖြည့်ဆောင်ရွက်ခြင်း
- ငွေသားကိုင်တွယ်ဆောင်ရွက်ရန်နှင့် ဝန်ထမ်းများ၏ လုံခြုံရေးကို အားဖြည့်ရန် နည်းလမ်းအသစ်များ ဖော်ဆောင်ခြင်း
- လစာများကို ငွေသားဖြင့် ပေးချေခြင်း
|
| ဂုဏ်သတင်း |
- ကျွန်ုပ်တို့၏စီးပွားရေး မိတ်ဖက်များနှင့် အခြားအရေးပါသော အကျိုးသက်ဆိုင်သူများ၏ ယုံကြည်မှုကို ဆုံးရှုံးသွားနိုင်သည်။
|
|
| ဘေးကင်းရေး |
- တောင်သူများသည် စိုက်ပျိုးရေးသုံး ဓာတုဗေဒပစ္စည်းများကို လွဲမှားစွာ အသုံးပြုနိုင်သည်။
- ဝန်ထမ်းများသည် အလုပ်နှင့်ပတ်သက်သော အန္တရာယ်များကို ကြုံတွေ့ရနိုင်သည်။
|
- မြန်မာ့သြဘာလုပ်ငန်းစု၏ ထုတ်ကုန်များကို တာဝန်ရှိစွာနှင့် ဘေးကင်းစွာ အသုံးပြုရန် သင်တန်းပို့ချခြင်း
- ကျွန်ုပ်တို့၏ HSE အရာရှိသည် ကျန်းမာရေးနှင့် ဘေးကင်းရေးကဏ္ဍတွင် မြန်မာ့သြဘာလုပ်ငန်းစု၏ စွမ်းဆောင်ရည်ကို စီမံခန့်ခွဲခြင်း၊ စောင့်ကြည့်ခြင်းနှင့် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ခြင်းစသည်တို့တွင် တာဝန်ရှိပါသည်။
|
| ကုန်စည်ထောက်ပံ့ရေး ပြတ်တောက်ခြင်း |
- တင်သွင်းမှုလုပ်ငန်းစဉ်တွင် နှောင့်နှေးမှုများ
- မြင့်မားသောကုန်စည် ထောက်ပံ့ပို့ဆောင်ရေး ကုန်ကျစရိတ်
|
- ကျွန်ုပ်တို့၏ ဝယ်ယူရေးလုပ်ငန်းစဉ်ကို အားဖြည့် ဆောင်ရွက်ခြင်း
- ကုန်လမ်းကြောင်းများကို ပိုမိုကောင်းမွန်အောင်ပြုလုပ်ခြင်း
- မြန်မာ့စားသောက်ကုန်ထုတ်လုပ်သူများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်မှု
|