၁၉၉၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သောမြန်မာ့သြဘာလုပ်ငန်းစုသည် မြန်မာနိုင်ငံစိုက်ပျိုးရေးနည်းပညာ၏ အကြီးဆုံးထုတ်လုပ်သူနှင့် ဖြန့်ချိသူဖြစ်ပြီးသီးနှံကာကွယ်ရေး၊ သီးနှံအာဟာရ ဖြည့်တင်းရေး နှင့် အရည်အသွေးမြင့် မျိုးစေ့များအပေါ်တွင် အထူးအာရုံစိုက် လုပ်ဆောင်လျက်ရှိသည်။
၁၅၀၀
စိုက်ပျိုးရေးပညာရှင်ပေါင်း
၃.၂
သန်း
စိုက်ပျိုးရေး
အိမ်ထောင်စုပေါင်း
ယခုအချိန်တွင် စိုက်ပျိုးရေးကိုအဓိကလုပ်ကိုင်နေသည့် ကျေးလက်ဒေသရှိအိမ်ထောင်စုပေါင်း ၃.၂သန်းအတွက် ကျွန်ုပ်တို့မှ စိုက်ပျိုးရေးပညာရှင်ပေါင်း ၁၅၀၀ ဖြင့် စိုက်ပျိုးရေးကဏ္ဍ ကွင်းဆက်တစ်ခုလုံးတိုးတက်အောင် ဘက်စုံနည်းလမ်းများဖြင့် အဖြေရှာပံ့ပိုးပေးလျက်ရှိသည်။
တောင်သူလယ်သမားများ၏ လိုအပ်ချက်များကို သိရှိနားလည်ခြင်း
ကျွန်ုပ်တို့၏ စိုက်ပျိုးရေးပညာရှင်များသည် တောင်သူလယ်သမားများနှင့် နီးကပ်စွာလုပ်ကိုင်ပြီး ၎င်းတို့၏ လိုအပ်ချက်များကို နားလည်၍ အသိပညာလိုအပ်မှုများကို ထုတ်ဖော်ရန် လုပ်ဆောင်သည်။
ထို့နောက်တွင်မှ ကျွန်ုပ်တို့သည် ၎င်းတို့နှင့် တွဲဖက်၍ အာဟာရပြည့်ဝပြီး အထွက်ကောင်းသော သီးနှံများ ဖြစ်ထွန်းနိုင်စေရန် အတူတကွ လုပ်ဆောင်သည်။
ဖြေရှင်းချက်များ ဖန်တီးခြင်း
မြန်မာ့သြဘာလုပ်ငန်းစု၏ စိုက်ပျိုးရေးပညာရှင်များသည် နှစ်ပေါင်းများစွာပြုလုပ်ခဲ့သော စမ်းသပ်ချက် များ၊ ကွင်းဆင်းအတွေ့အကြုံများနှင့် ဒေသဆိုင်ရာ အသိပညာတို့ကို အခြေခံ၍ မြန်မာနိုင်ငံ၏ အခြေအနေနှင့် ကိုက်ညီသော အထူးပြုလုပ်ထားသည့် ဖြေရှင်းချက်များကို ဖန်တီးသည်။
ထုတ်ကုန်များ ထုတ်ဖော်ခြင်း
ကျွန်ုပ်တို့အနေဖြင့် အသိပညာသည် စွမ်းအားဖြစ်သည်ဟု ယုံကြည်ပြီး ကျွန်ုပ်တို့၏ သုတေသနအဖွဲ့အတွက် ကမ္ဘာပေါ်ရှိ အကောင်းဆုံးတီထွင်ဖန်တီးမှုများနှင့် အရည်အချင်းရှိသူများကို ရှာဖွေသည်။ ကျွန်ုပ်တို့၏ စိုက်ပျိုးရေးဓာတ်ခွဲခန်းသည် မြန်မာနိုင်ငံရှိ အကောင်းဆုံးစိုက်ပျိုးရေးဓာတ်ခွဲခန်းများထဲမှ တစ်ခုဖြစ်သည်။