မြန်မာ့သြဘာ၏ရည်မှန်းချက်မှာ မြန်မာနိုင်ငံစိုက်ပျိုးရေးကဏ္ဍကို ပြုပြင်ပြောင်းလဲရန်ဖြစ်သည်။ တီထွင်ဆန်းသစ်မှုကိုလိုလားသူများနှင့် လူ့အဖွဲ့အစည်းအတွက် အကျိုးပြုလိုသူများကို မြန်မာ့သြဘာမှ အစဉ်ကြိုဆိုလျက်ရှိပါသည်။ ကျွန်ုပ်တို့စိုက်ပျိုးသောကောက်ပဲသီးနှံကိုရှင်သန်ကြီးထွားအောင် အကောင်းဆုံးစိုက်ပျိုးသကဲ့သို့ မြန်မာ့သြဘာ၏ မိသားစုဝင်များကိုလည်း မြန်မာနိုင်ငံ၏ အနာဂတ်စိုက်ပျိုးရေးခေါင်းဆောင်များဖြစ်လာအောင်အကောင်းဆုံးသင်ကြားလေ့ကျင့်ပေးမည်ဖြစ်သည်။
စိုက်ပျိုးရေးအပေါ် စိတ်အားထက်သန်သည့် နယ်ပယ်အစုံမှ ပညာရှင်ဝန်ထမ်းများ၏ စုပေါင်းလုပ်ဆောင်မှုဖြင့် မြန်မာ့သြဘာ၏ ရည်မှန်းချက်ပန်းတိုင်များသို့ ရောက်ရှိနိုင်မည်ဟုယုံကြည်ပါသည်။ မြန်မာ့သြဘာသည် လျင်မြန်စွာဖွံ့ဖြိုးတိုးတက်နေသောလုပ်ငန်းစုဖြစ်သောကြောင့် မြန်မာနိုင်ငံရှိပညာရှင်များအတွက် ကောင်းမွန်သောအလုပ်ကိုင်အခွင့်အလမ်းများကိုဖန်တီးပေးနိုင်မည်ဖြစ်သည်။
