ကျွန်ုပ်တို့ မြန်မာ့ဩဘာလုပ်ငန်းစုမှ လုပ်ဆောင်သော လုပ်ငန်းအားလုံး ရေရှည်တိုးတက်ကောင်းမွန်နေစေရန်အတွက် ရေရှည်တည်တံ့ခိုင်မြဲစေမည့် အလေ့အထများကို စနစ်ကျစွာ စဉ်ဆက်မပြတ်လုပ်ဆောင်နိုင်ရန် အရေးကြီးပါသည်။ ရေရှည်တည်တံ့ခိုင်မြဲရေး အလေ့အထများကို အကောင်အထည်ဖော်ကျင့်သုံးနိုင်ရန် ရေရှည်တည်တံ့ခိုင်မြဲရေးကော်မတီ (Sustainability Committee) ကိုဖွဲ့စည်းခဲ့ပါသည်။
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီမှစ၍ ZEGA Finance တွင် မြန်မာ့သြဘာလုပ်ငန်းစုမှဝန်ထမ်းများအနေဖြင့် Aye Say Pay ဖြင့် ဆိုလာချေးငွေများကို လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း အသိပေး အပ်ပါသည်။ အသေးစိတ်အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ ဝန်ထမ်းများအနေဖြင့် ရရှိနိုင်သော ချေးငွေပမာဏကို ဥပမာအနေဖြင့် တွက်ချက်ဖော်ပြထားပါသည်။
ဆက်လက်ဖတ်ရှုရန်
Myanma Awba Industries Co.,Ltd ၏ နှစ်စဥ်ပြုလုပ်မြဲဖြစ်သော Annual Staff Meeting အား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နှင့် ၂၈ ရက်နေ့များတွင် Inya Lake Hotel Ballroom ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ကုမ္ပဏီ၏ “ Strategy & Policy ” များအကြောင်း နှင့် MAI ၏ ၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ဆောင်ရွက်သွားမည့် “Planning” များအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်ဖတ်ရှုရန်
မြန်မာ့သြဘာလုပ်ငန်းစုအတွင်းရှိ Business Unit တစ်ခုဖြစ်သည့် Evogro Co., Ltd. ၏ Sales & Marketing ဌာနဝန်ထမ်းများအတွက် လုပ်ငန်းခွင်အတွင်း လုပ်ငန်းစွမ်းဆောင်ရည်တိုးတက်စေရုံသာမက ၎င်းတို့၏ စျေးကွက်နှင့်အရောင်းအမြင်ပိုမိုသိရှိမှု၊ ပေါင်းသင်းဆက်ဆံ ရေးပိုမိုတိုးတက်စေရန်နှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတို့အား ရည်ရွယ်၍ January 2025 အတွင်း (20.01.2025 & 21.01.2025) TOP-RATER Training & Promotional Services စသည့် သင်တန်းကျောင်းနှင့်ချိတ်ဆက်၍ Soft Skill training အား Group HR Department မှ စီစဥ်ဆောင်ရွက်ခဲ့ပါသည်။
ဆက်လက်ဖတ်ရှုရန်
ငွေကြေးခဝါချမှု တိုက်ဖက်ရေးဗဟိုအဖွဲ၏ ၅-၆-၂၀၂၅ ရက်စွဲပါ စာအမှတ် ၄၃၇၂ (၅၇၂)/ ၁၅-၀၁ / ဦး ၄ ၏ ရည်ညွန်းချက်အရ “အွန်လိုင်းလိမ်လည်မှုကျူးလွန်ရာတွင် နိုင်ငံသားစိစစ်ရေးကတ်နှင့် ကိုယ်ရေးအချက်အလက်များအား ဒုစရိုက်သမားများ၏ တလွဲအသုံးချမှုမခံရစေရေးအတွက် သတိပေးနိုးဆော်ချက်များနှင့် လိုက်နာဆောင်ရွက်ရန် သတိပေးချက်များ “နှင့်အတူ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့ မှ ထုတ်ဝေသော လက်ကမ်းစာစောင်များကို ZEGA Finance ၏ ငွေရေးကြေးရေးဝန်ဆောင်မှုများကို ရယူထားသော customer များနှင့် ဝန်ဆောင်မှုရယူရန် စိတ်ဝင်စားသူများအား သတိပြုစေရန် အသိပညာပေး ဖြန့်ဝေလိုက်ပါသည်။
ဆက်လက်ဖတ်ရှုရန်
အန္တရာယ်ရှိသော အခြေအနေတစ်ရပ်တွင် အန္တရာယ်၏ အတိုင်းအတာကို အကဲဖြတ်ရာတွင် မတော်တဆမှုဖြစ်လာနိုင်ခြေ (Likelihood) နှင့် ဖြစ်လာသည့်အခါ ထိခိုက်ခြင်း၏ ပြင်းထန်မှုပမာဏ (Severity) ကို ချိန်ထိုးတွက်ချက်ရပါသည်။
၂၀၂၀ ခုနှစ်အတွင်း အမေရိကန် ပြည်ထောင်စုတွင် ယာဉ်တိုက်မှုကြောင့် လူပေါင်း ၁၁၆၅၄ ယောက် အသက်ဆုံးရှုံးခဲ့ရာ ၃၀ ရာခိုင်နှုန်းမှာ အရက်သေစာသောက်စား၍ မောင်းနှင်မှုကြောင့်ဟု မှတ်တမ်းပြုထားပါသည်။ အင်မတန် အန္တရာယ်များတဲ့ High Risk ဖြစ်ပါသည်။
ဆက်လက်ဖတ်ရှုရန်
ဆီးချိုရောဂါဆိုတာ ဘာလဲ?
ဆီးချိုရောဂါ (Diabetes Mellitus) သည် ခန္ဓာကိုယ် အတွင်း အင်ဆူလင်ဟော်မုန်းထုတ်လုပ်မှု မလုံလောက်ခြင်း (သို့မဟုတ်) အင်ဆူလင်ကို ထိရောက်စွာ အသုံးမပြုနိုင်ခြင်းကြောင့် သွေးတွင်းသကြားဓာတ် (ဂလူးကို့စ်) မြင့်တက်ပြီး နာတာရှည်ရောဂါဖြစ်လာခြင်းကို ခေါ်ပါသည်။
ဆီးချိုအမျိုးအစား ဘယ်နှစ်မျိုးရှိလဲ?
အဓိကအမျိုးအစား (၃) မျိုး ရှိပါသည်။
ဆက်လက်ဖတ်ရှုရန်
ဈေးကွက်တွင် စားသုံးသူများက အမှတ်တံဆိပ်ကို ဘရန်း(ဒ်) brand ဟု ခေါ်ဝေါ်သုံး စွဲကြသည်။ ထရိတ်မက်ဟု သုံးစွဲသူနည်းပါးသည်။ ဒါဟာ သူရဲ့ သဘောသဘာဝပင်ဖြစ်မည်။ ဒါကြောင့် ဘရန်း(ဒ်)နှင့် ထရိတ်မက် တူသလား၊ မတူဘူးလား ဆိုသည့် အတွေးတွေ ပေါ်ပေါက် လာပါသည်။ ၎င်းဝေါဟာရနှစ်ခုဟာ အပြန်အလှန် သုံးစွဲလို့ရပေမယ့် တကယ့်သဘောတရား နှစ်ခုက တထပ်တည်း မကျတာကို လေ့လာမှတ်သားမိပါတယ်။
ဆက်လက်ဖတ်ရှုရန်စိုက်ပျိုးရေးကိုချစ်မြတ်နိုးပြီးစိုက်ပျိုးရေးဖြင့် ဘဝအရည်အသွေး မြှင့်တင်ရာတွင် စိုက်ပျိုးရေးကဏ္ဍ၏ အရေးပါမှုကို ယုံကြည်သူများကိုဖိတ်ခေါ်လိုပါသည်။
အလုပ်ရှာရန်