Grain & Edible Oils Company (GEOS) သည် ရှမ်းပြည်နယ်၊ အေးသာယာမြို့တွင် ပြောင်းအခြောက်ခံစက်နှင့်သိုလှောင်ရုံဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၂၁ ရက် ၂၀၂၅ တွင် ဂုဏ်ယူစွာဖြင့် ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားတွင် ဧည့်သည် ၂၇၀ ကျော်တက်ရောက်ခဲ့ပြီး ဂုဏ်သရေရှိ ဧည့်သည်တော်ကြီးများ၊ ဌာနဆိုင်ရာမှ ဝန်ကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်များ၊ ကုန်သည်ကြီးများ နှင့် မြန်မာ့သြဘာလုပ်ငန်းစုမှ ၀န်ထမ်းများပါဝင်တက်ရောက်ခဲ့ပါသည်။
ဆက်လက်ဖတ်ရှုရန်
မဟာသည် မကြာသေးမီက ၎င်း၏ (၇) ကြိမ်မြောက် Impact Report အား ထုတ်ဝေခဲ့ပါသည်။ ကုမ္ပဏီသည် ၎င်း၏ငွေကြေးမဟုတ်သော လုပ်ငန်းစွမ်းဆောင်ရည်နှင့် တောင်သူများအတွက် ချေးငွေထုတ်ပေးခြင်းများ၏ အကျိုးသက်ရောက်မှုကို ပွင့်လင်းမြင်သာစွာ အစီရင်ခံတင်ပြခြင်းအား ဆက်လက်ထိန်းသိမ်းလုပ်ကိုင်လျက်ရှိပါသည်။ အခြားတဖက်တွင်လည်း မဟာ၏ Key Stakeholder များဖြစ်သည့် ရှယ်ယာရှင်များ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ ဝန်ထမ်းများနှင့် ချေးငွေအသင်းသားများအပေါ် တာဝန်ခံမှုအပြည့်ဖြင့် လုပ်ကိုင်အစီရင်ခံလျက်ရှိနေဆဲဖြစ်ပါသည်။
ဆက်လက်ဖတ်ရှုရန်
အီဗိုဂရို ကုမ္ပဏီလီမိတက်၏ (၄)ကြိမ်မြောက် ဆောင်းရာသီအကြို မိတ်ဆုံစားပွဲနှင့် ဂုဏ်ပြုဧည့်ခံပွဲ အခမ်းအနားကြီးကို ၂၀၂၅ခုနှစ် အောက်တိုဘာလ (၉)ရက်နေ့တွင် (ညနေ ၆နာရီ မှ ၉နာရီအထိ) Melia Yangon Grand Ballroomတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဖိတ်ကြားထားသည့် ကိုယ်စားလှယ်တော်ကြီးများနှင့် ဧည့်သည်တော်ကြီးများအား ဖျော်ဖြေရေးအစီအစဥ်များနှင့် Lucky Draw များဖြင့် ဧည့်ခံဂုဏ်ပြုခဲ့ပါသည်။
ဆက်လက်ဖတ်ရှုရန်
၂၀၂၅ အောက်တိုဘာ (၁၀)ရက်နေ့တွင် မြန်မာကောင်းသုခကုမ္ပဏီမှ စီးပွါးဖက်လက်တွဲဖော် ကိုယ်စားလှယ်တော်ကြီးများနှင့် ၁၅နှစ်ပြည့် ဆောင်းရာသီအထူးစျေးရောင်းပွဲတော်ကို ကံစမ်းမဲအစီစဉ်များနှင့်အတူ Melia Hotel တွင် ကျင်းပခဲ့သည်။
ဆက်လက်ဖတ်ရှုရန်
မြန်မာ့သြဘာလုပ်ငန်းစုအနေဖြင့် Awba Group CARE Campaign ကဲ့သို့သော လူမှုအကျိုးပြုလုပ်ငန်းများ လုပ်ဆောင်ရာတွင် သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်နိုင်ခြေများကို ပိုမိုထိရောက်စွာ တုံ့ပြန်နိုင်ရန် ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) နှင့် KBZ Learning Academy တို့မှ ပူးပေါင်းစီစဥ်သော ကနဦးလိုအပ်ချက် လေ့လာဆန်းစစ်ခြင်းသင်တန်း (Rapid Needs Assessment Training – RNA) တွင် UAB Foundation, ဒို့အိမ်, KBZ foundation , ကိုကြီးနှင့် ညီအစ်ကိုမောင်နှမများ စသည့် အဖွဲ့အစည်းများနှင့်အတူ ပါဝင်ခဲ့ပါသည်။
ဆက်လက်ဖတ်ရှုရန်
မြန်မာ့စံပြမြေဩဇာကုမ္ပဏီမှ အရည်အသွေးမြင့် မြေဩဇာဖြစ်သည့် နိုက်ထရိုဖော့စကာ ပါဖက် ကို တောင်သူဦးကြီးတို့ ရွေးချယ်အသုံးပြုနိုင်ရန်အတွက် ဈေးကွက်အတွင်း စတင်ရောင်းချနေပြီဖြစ်ပါသည်။ Nitrophoska PERFECT 15+5+20 (+2MgO+8S) သည် SOP (Sulphate of Potash) ကို အခြေခံပြီး ထုတ်လုပ်ထားသည့် အရည်အသွေးမြင့် မြေဩဇာအမျိုးအစားဖြစ်ပါသည်။
ဆက်လက်ဖတ်ရှုရန်
အီဗိုဂရို ကုမ္ပဏီလီမိတက်၏ ဝန်ထမ်းများအတွက် Marketing နှင့် ပတ်သက်သည့် လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာစေရန်နှင့် Interpersonal Skill များ ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်၍ ဆရာလင်းသိုက်ညွန့်မှ Sales & Marketing နှင့် ပတ်သက်သည့်အကြောင်းအရာများ၊ Leadership Skills အကြောင်းအရာများကို ဆွေးနွေးသင်ကြားပို့ချပေးခဲ့ပါသည်။
ဆက်လက်ဖတ်ရှုရန်
မြန်မာ့သြဘာလုပ်ငန်းစုအတွင်းရှိ Business Unit တစ်ခုဖြစ်သည့် Evogro Co., Ltd. ၏ စျေးကွက်ဝန်ထမ်း (20) ဦးခန့်အား 7 August 2025 ရက်နေ့တွင် Group HR Department မှ Head of Group HR – Daw Theingi Wint မှ HR Awareness Re-sharing ဆောင်ရွက်ခဲ့ပါသည်။
ဆက်လက်ဖတ်ရှုရန်
Myanma Awba Industries Co.,Ltd ၏ နှစ်စဥ်ပြုလုပ်မြဲဖြစ်သော Annual Staff Meeting နှင့် Training ပို့ချခြင်းများအား ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၁၅၊ ၁၆၊ ၁၇) ရက်များတွင် 8 Mile Business Centre၊ 1st Floor၊ Auditorium Room ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် Managing Director ဦးသန်းတင့်မှ အဖွင့်အမှာစကားပြောကြားပြီးနောက် MAI ၏၂၀၂၅-၂၆ ခုနှစ်အတွက် ဆောင်ရွက်နေဆဲအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် planning များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်ဖတ်ရှုရန်
၂၀၂၅ – ၂၀၂၆ စိုက်ပျိုးရာသီတွင် ဝိစာရကုမ္ပဏီ၏ ကွင်းဆင်းဝန်ထမ်းများအတွက် လုပ်ငန်းခွင်အကျိုးပြု စိုက်ပျိုးနည်းပညာပေး မွန်းမံသင်တန်းများကို ဝန်ထမ်း စုစုပေါင်း (၇၀)ဦး တက်ရောက်ခဲ့ပြီး သီးနှံစိုက်ခင်းများတွင် ပေါက်ရောက်တတ်သော ပေါင်းမြက်များ၊ ကျရောက်တတ်သော ဖျက်ပိုး/ ရောဂါများ၊ အာဟာရ ချို့တဲ့မှုများနှင့်သက်ဆိုင်သော စိုက်ခင်းထဲမှပြဿနာများနှင့် ၎င်းတို့ကိုကာကွယ်နှိမ်နင်းပုံနည်းလမ်းများ၊ အသုံးပြုပက်ဖျန်းရမည့် စိုက်ပျိုးရေးသုံးဆေး၊ မြေဆီများ၊ ဝိစာရထုတ်ကုန်များနှင့်ပတ်သက်သည့် အကြောင်းအရာများကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်ဖတ်ရှုရန်
အွန်လိုင်းလုံခြုံရေးဆိုင်ရာ အသိပညာများ တိုးပွားစေရန် ရည်ရွယ်၍ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ၏ အန္တရာယ်များအကြောင်း အသိပညာပေးသင်တန်းကို ZEGA Finance မှဝန်ထမ်းများ ၊Reignsman မှ ဝန်ထမ်းများ ၊ AWBA Group HR နှင့် Group CSR မှ ဝန်ထမ်းများလည်း တက်ရောက်ခဲ့ကြပြီး ZEGA Finance Co., Ltd. ၏ Chief Compliance Officer ဖြစ်သူ ဦးမျိုးညီညီမှ အွန်လိုင်းလိမ်လည်မှု (Online Scams) နှင့် အွန်လိုင်းလောင်းကစားမှု (Online Gambling) များ၏ အန္တရာယ်များ၊ ဖြစ်ပွားရသည့် အကြောင်းရင်းများ၊ ကာကွယ်နိုင်သည့် နည်းလမ်းများနှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်ဖတ်ရှုရန်
သွေးလွန်တုပ်ကွေးဆိုတာ ဘာလဲ
သွေးလွန်တုပ်ကွေးသည် ခြင်ကြောင့် ဖြစ်သော ဗိုင်းရပ်စ် ရောဂါ (Aedes ခြင်အမျိုးအစားကိုက်ခံရခြင်းမှ ကူးစက်) ဖြစ်ပြီး ပြင်းထန်ပါက သွေးယိုစိမ့်ခြင်း၊ သွေးကြောများ ပျက်စီးခြင်း၊ သွေးခဲမှုစနစ်ထိခိုက်ခြင်းတို့ဖြစ်ကာ အသက် အန္တရာယ်ရှိနိုင်သည်။
ဘယ်သူတွေမှာ ဖြစ်လေ့ရှိလဲ
အထူးသဖြင့် အသက်(၅)နှစ် မှ (၉)နှစ် အရွယ်ကလေးများတွင် အများဆုံးဖြစ်ပွားသည်။
ဆက်လက်ဖတ်ရှုရန်
ကန့်ကွက်ခြင်းနှင့် ခုခံခြင်း
မိမိမှာ အမှတ်တံဆိပ်တစ်ခုပိုင်ဆိုင်ပြီဆိုပါစို့။ ဤအမှတ်တံဆိပ်ကို ဘယ်လိုစီမံဆောင်ရွက်မလဲဆိုတာ စဉ်းစားထားဖို့လိုပါတယ်။ အမှတ်တံဆိပ် တစ်ခုဟာ စီးပွားရေးဆိုင်ရာ လုပ်ဆောင်မှုတွေအတွက် အသုံးပြုသော သင်္ကေတဖြစ်သလို ၎င်းအမှတ်တံဆိပ်ကိုယ်တိုင် ငွေကြေးအဖြစ် ပေါ်ပေါက်လာအောင် လုပ်ဆောင်နိုင်သော စီးပွားရေးပိုင်ဆိုင်မှုတစ်ခုဖြစ်ပါတယ်။
ဆက်လက်ဖတ်ရှုရန်
တီဘီရောဂါဆိုတာဘာလဲ?
တီဘီရောဂါသည် Mycobacterium Tuberculosis ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားသော ကူးစက်တတ် သည့် ရောဂါတစ်မျိုးဖြစ်ပါသည်။ ဤရောဂါသည် အဓိကအားဖြင့် အဆုတ်ကို ထိခိုက်စေသော်လည်း ဦးနှောက်၊ ကျောက်ကပ်၊ အရိုးအဆစ်များနှင့် ခန္ဓာကိုယ်အနှံ့အပြားရှိ အခြားအစိတ်အပိုင်းများကိုလည်း ကူး စက်နိုင်ပါသည်။
ဆက်လက်ဖတ်ရှုရန်စိုက်ပျိုးရေးကိုချစ်မြတ်နိုးပြီးစိုက်ပျိုးရေးဖြင့် ဘဝအရည်အသွေး မြှင့်တင်ရာတွင် စိုက်ပျိုးရေးကဏ္ဍ၏ အရေးပါမှုကို ယုံကြည်သူများကိုဖိတ်ခေါ်လိုပါသည်။
အလုပ်ရှာရန်