သတင်း စာစောင်_ ၉ကြိမ်မြောက်

Our Job Vacancy Announcement

လစ်လပ်လျက်ရှိသော Job Positions များ

Our Activities

မြန်မာ့ဩဘာလုပ်ငန်းစု နှစ် (၃၀)ပြည့် အထိမ်းအမှတ် ကံစမ်းမဲဖွင့်ပွဲ နှင့် အကျိုးဆောင်တောင်သူ ဂုဏ်ပြုပွဲကျင်းပ

မြန်မာ့ဩဘာလုပ်ငန်းစု (နှစ် ၃၀)ပြည့် အထိမ်းအမှတ် ကျပ်သိန်းပေါင်းနှစ်သောင်းခွဲ တန်ဖိုးရှိ ဆုမဲပေါင်း ၁၅၀၀ ကျော် ရင်ခုန်ပျော်ရွှင်ဖွယ်ရာ ကံစမ်းမဲအစီစဥ်ကြီး၏ ကံစမ်းမဲဖွင့်ပွဲ နှင့် အကျိုးဆောင် တောင်သူဂုဏ်ပြုပွဲ အခမ်းအနားကြီးကို မေလ ၂၇ ရက်နေ့ ညနေ ၆ နာရီမှ ၉ နာရီအထိ ရန်ကုန်မြို့ Novotel Yangon Max Hotel တွင် မြန်မာတစ်နိုင်ငံလုံးရှိ မြန်မာ့သြဘာ၏ အမာခံ အကျိုးဆောင်တောင်သူကြီးများအား ဖိတ်ကြားဧည့်ခံကျင်းပခဲ့ပါသည်။ 

ဆက်လက်ဖတ်ရှုရန်

Maha Agricultural Microfinance မိုးရာသီသစ်ပင်စိုက်ပျိုးခြင်း

မဟာသည် မိမိတို့၏ Environmental, Social and Governance (ESG) မူဝါဒအရ နှစ်စဉ်ပြုလုပ်လျက်ရှိသော လုပ်ငန်းစဉ်တစ်ရပ်အနေနှင့် မိုးရာသီသစ်ပင်စိုက်ပျိုးခြင်းကို ၂၀၂၅ခုနှစ် ဇူလိုင်လ (၂၆)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး ကျောက်တန်းစံပြကျေးရွာ ပန်းပျိုးလက်ဘုန်းတော်ကြီးသင် ပရဟိတကျောင်း၏ ဧက(၁၀၀) သစ်တောဧရိယာတွင် နှစ်ရှည်ပင်များဖြစ်ကြသည့် ပျဉ်းကတိုးပင်များနှင့် မန်ဂျာရှား(မလေးရှားပိတောက်)ပင် စုစုပေါင်း (၄၀၀)အား မဟာရုံးချုပ်ဝန်ထမ်း များနှင့်အတူ HM၊ BM များမှ အားတက်သရော ပူးပေါင်းစိုက်ပျိုးခဲ့ကြပါသည်။

ဆက်လက်ဖတ်ရှုရန်

နိဗ္ဗာန်ရည်မျှော် ဝါဆိုမြတ်သင်္ကန်းအလှူတော်

ဝိစာရကုမ္ပဏီ၏ ရန်ကုန်–A တိုင်းဝန်ထမ်းများ စုပေါင်းဆက်ကပ်လှူဒါန်းသော ၂၀၂၅-၂၀၂၆ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်အတွက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း အလှူတော်မင်္ဂလာကို ၁၃၈၇ခုနှစ်၊ ဝါဆိုလပြည့်နေ့ (၉/၇/၂၀၂၅) နေ့ (ဗုဒ္ဓဟူးနေ့) တွင် ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်၊ တောစွန်းကြီးကျေးရွာ အဇန်းဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ထိုအလှူတော်အခမ်းအနားကို ရန်ကုန် – A တိုင်းမန်နေဂျာများဖြစ်သော ဦးစန်းယုအောင်၊ ဦးရဲနောင်ဦိးတို့နှင့်အတူ တိုင်းအတွင်းရှိဝန်ထမ်းများ၊ သုံးခွမြို့နယ်မှ ကိုယ်စားလှယ်များ နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပါသည်။ 

ဆက်လက်ဖတ်ရှုရန်

စိမ်းမြမြ (Sein Mya Mya) OP

နံနံပင်သည် မြန်မာနိုင်ငံရှိ စားသုံးမှုများတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပြီး ကျွန်တော်တို့ နေ့စဥ်စားသုံးနေတဲ့ ဟင်းလျာကအစ အသုပ်နဲ့ အတို့အမြှုပ်အဆုံး နှစ်ခြိုက်စွာ ထည့်သွင်းစားသုံးကြပါသည်။ ပျော်ဘွယ်၊ ရမည်းသင်း၊ ပဲခူးအနောက်နဲ့ ဧရာဝတီဘက်မှာ နံနံပင်စိုက်ပျိုးမယ့် တောင်သူများအတွက် ဧရာဝတီမျိုးစေ့မှ ယခုနှစ်တွင် စိမ်းမြမြ နံနံမျိုးသစ်အား ဖြန့်ချိနေပါပြီ။ “စိမ်းမြမြ”က စီးပွားဖြစ် စိုက်ပျိုးလို့ရတဲ့အပြင် အိမ်နောက်ဖေး စျေးဆိုင်တည်ချင်တဲ့သူတွေအတွက်လည်း တနိုင်တပိုင် စိုက်ပျိုးလို့ရပါတယ်။ 

ဆက်လက်ဖတ်ရှုရန်

Seeder သရုပ်ပြစိုက်ခင်းပြပွဲ

၂၀၂၅ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ မြောင်းတကာမြို့နယ်၊ မြောက်ချောကုန်းကျေးရွာတွင် seeder သရုပ်ပြစိုက်ခင်းပြပွဲ ကျင်းပပြုလုပ်ရန်အတွက် ကောမက်ဓာတ်မြေဩဇာမှ ပါဝင်ကူညီပံ့ပိုးပေးခဲ့ပါသည်။ 

ဆက်လက်ဖတ်ရှုရန်

ကောမက် တောင်သူပညာပေးဆွေးနွေးပွဲ

၂၀၂၅ခုနှစ်၊ဩဂုတ်လ ၁၇ ရက်နေ့တွင် မကွေးတိုင်း‌‌ဒေသကြီး၊ရေနံချောင်းမြို့နယ်၊ရှားတောကျေးရွာရှိ ငရုတ်စိုက်တောင်သူဦးကြီးများအား ငရုတ်သီးနှံများအထွက်တိုးပြီး သီးနှံအရည်အသွေးကောင်းမွန်စေရန်အတွက် အသုံးပြုသင့်သော မြေဩဇာများနှင့် အသုံးပြုနည်းများ၊ အသုံးပြုခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများအား အသိပညာပေးဆွေးနွေးခဲ့ကြရာ တောင်သူဦးရေ (၁၂၃)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။ 

ဆက်လက်ဖတ်ရှုရန်

Defensive Driving Training

မြန်မာ့သြဘာလုပ်ငန်းစုသည် အန္တရာယ်ကင်းရှင်းရေးကို အစဉ်အမြဲဦးစားပေးပြီး မူဝါဒများချမှတ်ကာ အလေးထားကျင့်သုံးလျက်ရှိပါတယ်။ ဝန်ထမ်းများ နှင့် လူ့အဖွဲ့အစည်းများ၏ ဘေးကင်းရေးကို ပထမဦးစားပေးအနေအဖြစ် သတ်မှတ်ထားပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် Defensive Driving Training သင်တန်းများကို ပြုလုပ်ခဲ့ပြီး လမ်းပေါ်တွင် လုံခြုံစွာ ခုခံမောင်းနှင်နိုင်ရေး နှင့် မတော်တဆမှုများကို နည်းနိုင်သမျှနည်းအောင် လျှော့ချနိုင်ရန် ကားနှင့် မော်တော်ဆိုင်ကယ် မောင်းနှင်သူများ ဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာတိုးမြှင့်ရန်အတွက် အသိပညာ နှင့် လက်တွေ့ကျကျ ကျွမ်းကျင်မှု အကဲဖြတ်ခြင်းများကို လုပ်ဆောင်ခဲ့ပါသည်။

 

ဆက်လက်ဖတ်ရှုရန်

HR Awareness Re-sharing

မြန်မာ့သြဘာလုပ်ငန်းစုအတွင်းရှိ Business Unit တစ်ခုဖြစ်သည့် Myanma Sanpya Crop Nutrition Co., Ltd. ၏ စျေးကွက်ဝန်ထမ်း (၃၅)ဦးခန့် အား 2nd July 2025 ရက်နေ့တွင် Group HR Department မှ Head of Group HR – Daw Theingi Wint မှ HR Awareness Re-sharing ဆောင်ရွက်ခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်
Knowledge Sharing

Dengue Hemorrhagic Fever (သွေးလွန်တုပ်ကွေး)

သွေးလွန်တုပ်ကွေးဆိုတာ ဘာလဲ

သွေးလွန်တုပ်ကွေးသည် ခြင်ကြောင့် ဖြစ်သော ဗိုင်းရပ်စ် ရောဂါ (Aedes ခြင်အမျိုးအစားကိုက်ခံရခြင်းမှ ကူးစက်) ဖြစ်ပြီး ပြင်းထန်ပါက သွေးယိုစိမ့်ခြင်း၊ သွေးကြောများ ပျက်စီးခြင်း၊ သွေးခဲမှုစနစ်ထိခိုက်ခြင်းတို့ဖြစ်ကာ အသက် အန္တရာယ်ရှိနိုင်သည်။

ဘယ်သူတွေမှာ ဖြစ်လေ့ရှိလဲ

  • အသက်အရွယ်မရွေးဖြစ်နိုင်ပြီး အသက်(၁၅)နှစ်အောက် ကလေးများ

အထူးသဖြင့် အသက်(၅)နှစ် မှ (၉)နှစ် အရွယ်ကလေးများတွင် အများဆုံးဖြစ်ပွားသည်။

ဆက်လက်ဖတ်ရှုရန်

အမှတ်တံဆိပ် ကာကွယ်ခြင်း

ကန့်ကွက်ခြင်းနှင့် ခုခံခြင်း

မိမိမှာ အမှတ်တံဆိပ်တစ်ခုပိုင်ဆိုင်ပြီဆိုပါစို့။ ဤအမှတ်တံဆိပ်ကို ဘယ်လိုစီမံဆောင်ရွက်မလဲဆိုတာ စဉ်းစားထားဖို့လိုပါတယ်။ အမှတ်တံဆိပ် တစ်ခုဟာ စီးပွားရေးဆိုင်ရာ လုပ်ဆောင်မှုတွေအတွက် အသုံးပြုသော သင်္ကေတဖြစ်သလို ၎င်းအမှတ်တံဆိပ်ကိုယ်တိုင် ငွေကြေးအဖြစ် ပေါ်ပေါက်လာအောင် လုပ်ဆောင်နိုင်သော စီးပွားရေးပိုင်ဆိုင်မှုတစ်ခုဖြစ်ပါတယ်။ 

ဆက်လက်ဖတ်ရှုရန်

Tuberculosis (တီဘီရောဂါအကြောင်းသိကောင်းစရာ)

တီဘီရောဂါဆိုတာဘာလဲ?

တီဘီရောဂါသည် Mycobacterium Tuberculosis ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားသော ကူးစက်တတ် သည့် ရောဂါတစ်မျိုးဖြစ်ပါသည်။ ဤရောဂါသည် အဓိကအားဖြင့် အဆုတ်ကို ထိခိုက်စေသော်လည်း ဦးနှောက်၊ ကျောက်ကပ်၊ အရိုးအဆစ်များနှင့် ခန္ဓာကိုယ်အနှံ့အပြားရှိ အခြားအစိတ်အပိုင်းများကိုလည်း ကူး စက်နိုင်ပါသည်။

ဆက်လက်ဖတ်ရှုရန်

စိုက်ပျိုးရေးကိုချစ်မြတ်နိုးပြီးစိုက်ပျိုးရေးဖြင့် ဘဝအရည်အသွေး မြှင့်တင်ရာတွင် စိုက်ပျိုးရေးကဏ္ဍ၏ အရေးပါမှုကို ယုံကြည်သူများကိုဖိတ်ခေါ်လိုပါသည်။

အလုပ်ရှာရန်